Mars

🔳 အဂၤါၿဂိဳဟ္ေပၚက ပုံမွန္မဟုတ္တဲ့လွုပ္ရွားမွုအခ်ိဳ့ကို သိပၸံပညာရွင္ေတြ ေထာက္လွမ္းေတြ႕ရွိခဲ့ပါတယ္။

  • ဒီလွုပ္ရွားမွုေတြဟာ ​ေက်ာက္ရည္ပူေတြေရြ႕လ်ားမွုရဲ့အက်ိဳးဆက္ျဖစ္နိုင္တာေၾကာင့္ အဂၤါၿဂိဳဟ္ေပၚ သက္ရွိေတြ ဆက္လက္ရွင္သန္ေနနိုင္ေသးေၾကာင္း သဲလြန္စျဖစ္နိုင္ပါတယ္။

ၿပီးခဲ့အပတ္က ထုတ္ျပန္ခဲ့တဲ့ သုေတသနတစ္ခုအရ အဂၤါၿဂိဳဟ္ေပၚမွာ ေျမေအာက္မီးေတာင္လွုပ္ရွားမွုေတြရွိေနေၾကာင္း အေထာက္အထားအခ်က္အလက္အသစ္အခ်ိဳ့ကို ေတြ႕ရွိခဲ့တယ္လို့ သိပၸံပညာရွင္ေတြက ဆိုၾကပါတယ္။ ေက်ာက္ရည္ပူေတြ ဒီလိုေရြ႕လ်ားေနျခင္းေၾကာင့္ အဂၤါၿဂိဳဟ္ေပၚက သက္ဆိုင္ရာေဒသမွာ ေျမငလ်င္အခ်ိဳ့ လွုပ္ခတ္ေစခဲ့တယ္လို့ ဆိုပါတယ္။

ဒီေတြ႕ရွိခ်က္သာ မွန္ကန္ခဲ့မယ္ဆိုရင္ “အဂၤါၿဂိဳဟ္ရဲ့ ေျမေအာက္လွိုင္ဂူေတြထဲမွာ သက္ရွိေတြခိုေအာင္းေနနိုင္ေသးတယ္” ဆိုတဲ့ သီအိုရီေတြကို ပိုမိုအားျဖည့္ေပးလိုက္တဲ့သေဘာျဖစ္သြားမွာျဖစ္ပါတယ္။ ေျမေအာက္ထဲမွာရွိေနတဲ့ ေက်ာက္ရည္ပူေတြရဲ့ အပူရွိန္နဲ႔ ေျမေအာက္ထဲကိုစိမ့္ဝင္သြားခဲ့တဲ့ ေျမေအာက္ေရေတြဟာ အဏုဇီဝသက္ရွိေတြရွင္သန္နိုင္ဖို့အတြက္ အေထာက္အကူေပးနိုင္မွာျဖစ္ပါတယ္။

Australian National University မွ သိပၸံပညာရွင္ေတြဟာ NASAရဲ့ InSightအဂၤါၿဂိဳဟ္ဆင္းယာဥ္ကေန ရရွိတဲ့အခ်က္အလက္ေတြကို ဆြဲထုတ္စိစစ္ရင္းကေန အဂၤါၿဂိဳဟ္ရဲ့ေျမျပင္ေအာက္မွာ အခုလိုဘူမိလွုပ္ရွားမွုေတြရွိနိုင္ေၾကာင္း ရွာေတြ႕လာခဲ့တာျဖစ္ပါတယ္။ ကားတစ္စီးအရြယ္ရွိတဲ့ အဆိုပါအဂၤါၿဂိဳဟ္ဆင္းယာဥ္ကို ၂၀၁၈ခုႏွစ္က အဂၤါၿဂိဳဟ္ေပၚ ေစလႊတ္ခဲ့တာျဖစ္ၿပီး အဂၤါၿဂိဳဟ္ေပၚကေျမငလ်င္ေတြအေၾကာင္း စူးစမ္းေလ့လာမွုေတြအပါအဝင္ အျခားလုပ္ငန္းေတြကို လုပ္ေဆာင္ေနခဲ့ပါတယ္။

ယခင္က မေထာက္လွမ္းမိခဲ့တဲ့ ေျမေအာက္ငလ်င္၄၇ခုကို ယခုသုေတသနကေန ေဖာ္ထုတ္နိုင္ခဲ့ၿပီး ဒီငလ်င္ေတြကို Cerberus Fossae ေဒသမွာ ေထာက္လွမ္းေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ Cerberus Fossae ေဒသဟာ ေျမငလ်င္လွုပ္ရွားမွုေတြကို အဂၤါၿဂိဳဟ္ေပၚ ပထမဆုံးေတြ႕ရွိခဲ့တဲ့ေဒသလည္းျဖစ္ပါတယ္။ အဆိုပါInSightအဂၤါၿဂိဳဟ္ဆင္းယာဥ္ရဲ့အကူအညီနဲ႔ အဂၤါၿဂိဳဟ္အတြင္းပိုင္းဖြဲ႕စည္းပုံေတြအေၾကာင္းကိုလည္း ပိုမိုသိရွိလာဖို့လည္း ေမၽွာ္လင့္ေနၾကပါတယ္။

ဆိုခဲ့ၿပီးသလိုပဲ ေထာက္လွမ္းေတြရွိခဲ့တဲ့ ဒီလိုငလ်င္လွုပ္ခတ္မွုေတြဟာ ေျမေအာက္မီးေတာင္လွုပ္ရွားမွုေတြေၾကာင့္ျဖစ္တယ္လို့ ဒီသုေတသနကိုထုတ္ျပန္ခဲ့တဲ့ သိပၸံပညာရွင္ေတြက ယူဆၾကပါတယ္။ ယခင္ကေတာ့ အဂၤါၿဂိဳဟ္ေပၚကငလ်င္ေတြဟာ ေက်ာက္ခ်ပ္လႊာေတြရဲ့ တြန္းတိုက္မွုအားေတြေၾကာင့္ ျဖစ္ေပၚလာတယ္လို့ပဲ ယူဆထားခဲ့ၾကၿပီး၊ ယခုသုေတသနကေန ထြက္ေပၚလာတဲ့ယူဆခ်က္သာ မွန္ကန္ခဲ့မယ္ဆိုရင္ အဂၤါၿဂိဳဟ္အေပၚယံလႊာေအာက္က ​ေက်ာက္ရည္ပူေတြဟာ ေအးခဲမသြားေသးဘဲ ရွင္သန္ေရြ႕လ်ားမွုေတြရွိေနဆဲသေဘာျဖစ္ပါတယ္။

ငလ်င္လွုပ္မွု၄၇ခုကို ထပ္မံေတြ႕ရွိခဲ့ျခင္းနဲ႔အတူ တူညီတဲ့ဧရိယာတစ္ခုတည္းအတြင္းမွာ ထပ္ခ်ည္းတလဲလဲျဖစ္ေပၚေနတဲ့ငလ်င္ေတြ​ကိုေလ့လာၿပီး အဂၤါၿဂိဳဟ္ဟာ မူလထင္မွတ္ထားတာထက္ ငလ်င္လွုပ္ရွားမွုေတြ ပိုမိုျဖစ္ေပၚေန​တာသိသာတာေၾကာင့္ ေက်ာက္ရည္ပူေတြက ေအးခဲမသြားေသးဘဲ ငလ်င္ေတြျဖစ္ေပၚဖို့အတြက္ ၎တို့ကပါ ဝိုင္းဝန္းလွုံ႔ေဆာ္ေနတယ္လို့ ေကာက္ခ်က္ဆြဲလာၾကတာျဖစ္ပါတယ္။

🔳 အဂၤါၿဂိဳဟ္ရဲ့ ေသဆုံးမွု –

ယေန႔ကာလမွာ အဂၤါၿဂိဳဟ္ဟာ ေအးစက္ေျခာက္ေသြ႕တဲ့ၿဂိဳဟ္အေသတစ္လုံးျဖစ္ေနေပမယ့္လည္း ၿဂိဳဟ္မ်က္ႏွာျပင္ေပၚေတြ႕ရွိထားရတဲ့ ျမစ္ေရစီးေၾကာင္းေတြ၊ ျမစ္ဝကၽြန္းေပၚေဒသေတြ၊ ပင္လယ္ၾကမ္းျပင္ေဒသေတြေၾကာင့္ အဂၤါၿဂိဳဟ္ဟာ တစ္ခ်ိန္က ကမၻာနည္းတူ ၿဂိဳဟ္မ်က္ႏွာျပင္ရဲ့ ထက္ဝက္ေက်ာ္ေလာက္ကို ေရထုကဖုံးလႊမ္းထားခဲ့တယ္ဆိုတာ လုံးဝေသခ်ာတဲ့အခ်က္တစ္ခုျဖစ္ေနပါတယ္။

လြန္ခဲ့တဲ့ႏွစ္ေပါင္းသန္း၄ေထာင္ေလာက္က အဂၤါၿဂိဳဟ္ရဲ့အူတိုင္ဟာ ေအးခဲသြားတာေၾကာင့္ သံလိုက္စက္ကြင္းထုတ္လႊတ္ေပးေနျခင္း လုံးဝရပ္ဆိုင္းသြားပါတယ္။ အဲဒီလို ေနဆီကလၽွပ္စစ္ဓာတ္ေဆာင္အမွုန္(solar wind)ေတြဝင္တိုက္တဲ့ဒဏ္ကေန ကာကြယ္ေပးမယ့္ သံလိုက္စက္ကြင္းမရွိေတာ့တာေၾကာင့္ လၽွပ္စစ္ဓာတ္ေဆာင္အမွုန္ေတြရဲ့ျပင္းထန္တဲ့အရွိန္နဲ႔ ဝင္တိုက္တိုက္ခတ္မွုေတြဟာ အဂၤါၿဂိဳဟ္ရဲ့ေလထုကို တျဖည္းျဖည္းစုတ္ျပဲသြားေစၿပီး ေလဖိအားမရွိေတာ့ခ်ိန္မွာ ေရေတြဟာလည္း အရည္အေျခအေနနဲ႔တည္ရွိဖို့အတြက္ လုံေလာက္တဲ့ဖိအားေပးျခင္းမခံရေတာ့တာေၾကာင့္ အေငြ႕ျပန္ကုန္ၾကပါတယ္။

ဒီလိုအေငြ႕ျပန္ကုန္တဲ့ေရေငြ႕ေတြကို ခရမ္းလြန္ေရာင္ျခည္ေတြက ေအာက္ဆီဂ်င္နဲ႔ ဟိုက္ၿဒိဳဂ်င္ေတြအျဖစ္ သီးသန္႔ျဖစ္သြားေအာင္ ထပ္မံၿဖိဳခြဲထုတ္လိုက္တာေၾကာင့္ ေရရဲ့အစအနေတာင္ မက်န္ေလာက္ေတာ့မယ့္ အေနအထားမ်ိဳးျဖစ္သြားပါတယ္။ ဒီအခ်ိန္မွာေတာ့ ဒိုင္နမိုသဖြယ္ျပဳမူေနတဲ့ ကမၻာ့အတြင္းပိုင္းက သံရည္ပူအူတိုင္ဟာ ဆက္လက္လွုပ္ရွားလည္ပတ္ေနေသးတာေၾကာင့္ ေလထုနဲ႔ ေရထုကိုထိန္းထားနိုင္ၿပီး သက္ရွိေတြအတြက္ နိဗၺာန္ဘုံတစ္ခုသဖြယ္ ျဖစ္တည္လ်က္ရွိေနပါတယ္။ ၂၀၂၁ခုႏွစ္၊ မတ္လမွာျပဳလုပ္ခဲ့တဲ့ ေနာက္ဆုံးသုေတသနတစ္ခုအရ အဂၤါၿဂိဳဟ္ေပၚကေရေတြေပ်ာက္ကြယ္သြားရတာဟာ လုံေလာက္တဲ့ေလထုဖိအားမရရွိလို့ အေငြ႕ျပန္ထြက္သြားတာေၾကာင့္တင္မကဘဲ ေျမလႊာေတြထဲစိမ့္ဝင္ကုန္တာေၾကာင့္လည္း ျဖစ္နိုင္ေသးေၾကာင္း ေတြ႕ရွိလာရပါတယ္။

ဒါေၾကာင့္ ယေန႔ထိတိုင္ေအာင္ အဂၤါၿဂိဳဟ္ရဲ့ေျမလႊာေတြထဲမွာ ေရေတြအေျမာက္အမ်ား ခိုေအာင္းေနေသးဖြယ္ရွိပါတယ္။ ကြန္ျပဴတာပုံစံေတြအရေတာ့ အဂၤါၿဂိဳဟ္ေရထုရဲ့ ၃၀ရာခိုင္ႏွုန္းကေန ၉၉ရာခိုင္ႏွုန္းေလာက္အထိေတာင္ အဂၤါၿဂိဳဟ္ရဲ့အေပၚယံေျမလႊာေတြထဲ စိမ့္ဝင္ခိုေအာင္းသြားတာျဖစ္နိုင္တယ္လို့သိရၿပီး ဒီထဲက ပမာဏအနည္းငယ္ေလာက္သာ အေငြ႕ျပန္ထြက္သြားတာျဖစ္နိုင္တယ္လို့ ဆိုပါတယ္။ ဒီပုံစံအသစ္သာမွန္ကန္ခဲ့ၿပီး အဂၤါၿဂိဳဟ္ေပၚကေရေတြသာ ေျမျပင္ထဲကိုစိမ့္ဝင္သြားခဲ့ၾကရိုးမွန္ရင္ အဂၤါၿဂိဳဟ္ရဲ့ငယ္ရြယ္စဥ္ကာလေတြမွာ မူလမွန္းဆထားခဲ့တာထက္ အဂၤါၿဂိဳဟ္မ်က္ႏွာျပင္ေပၚ ေရေတြပိုမိုဖုံးလႊမ္းထားခဲ့နိုင္ပါတယ္။ ဒါေၾကာင့္ အဂၤါၿဂိဳဟ္ရဲ့အေစာပိုင္းကာလေတြဟာ အႏုဇီဝသက္ရွိေတြအတြက္လည္း ပိုမိုသင့္ေတာ္မယ့္အေျခအေနရွိခဲ့တဲ့သေဘာျဖစ္ပါတယ္။

🔳 သက္ရွိမ်ား ဆက္လက္ရွင္သန္ဖို့ အခြင့္အလမ္း အနည္းငယ္ရွိေသး –

သက္ရွိေတြရွင္သန္ဖို့အတြက္ ပတ္ဝန္းက်င္ကေန အပူစြမ္းအင္ရရွိဖို့လည္းလိုအပ္ပါတယ္။ အေပၚမွာေျပာခဲ့တဲ့အေၾကာင္းအရာေတြေၾကာင့္ လက္ရွိအခ်ိန္မွာေတာ့ အဂၤါၿဂိဳဟ္ရဲ့ မ်က္ႏွာျပင္အေျခအေနဟာ ေအးခဲေျခာက္ေသြ႕တဲ့ အရိုင္းေျမသာသာျဖစ္ေနၿပီး သက္ရွိေတြရွင္သန္ဖို့ ဘယ္လိုမွမျဖစ္နိုင္တဲ့ အေျခအေနျဖစ္ပါတယ္။ ဒါေပမယ့္ အဂၤါၿဂိဳဟ္အေပၚယံလႊာရဲ့ေအာက္ဘက္က အတြင္းပိုင္းေျမသားလႊာမွာ ေက်ာက္ရည္ပူေတြ လွုပ္ရွားလ်က္ရွိေန​နိုင္ေၾကာင္း သဲလြန္စအခ်ိဳ့ ေတြ႕ရွိလာမွုေၾကာင့္ – ဒီေက်ာက္ရည္ပူေတြကထြက္ရွိတဲ့ အပူစြမ္းအင္ဟာ ေျမေအာက္မွာေနထိုင္တဲ့သက္ရွိေတြအတြက္ အေထာက္အကူေပးနိုင္ပါတယ္။

ဒါဟာ အဂၤါၿဂိဳဟ္ေပၚမွာ ယခင္က သက္ရွိေတြ ရွိကိုရွိခဲ့တယ္လို့ ဆိုလိုတာေတာ့မဟုတ္ပါဘူး။ အဂၤါၿဂိဳဟ္ဟာ သက္ရွိေတြရွင္သန္ဖို့ လုံေလာက္တဲ့အေျခအေနေတြ ရွိခဲ့ဖူးေၾကာင္း သိရွိထား႐ုံသာျဖစ္ၿပီး အဂၤါၿဂိဳဟ္ေပၚမွာ သက္ရွိေတြ ရွင္သန္ခဲ့ဖူးတဲ့ ဘယ္လိုအေထာက္အထားမ်ိဳးကိုမွ ေလာေလာဆယ္မွာ မေတြ႕ရေသးပါဘူး။ တကယ္လို့ သက္ရွိေတြရွင္သန္ခဲ့ဖူးရင္ေတာင္ အခုခ်ိန္မွာ အဂၤါၿဂိဳဟ္ေပၚကသက္ရွိေတြအားလုံး ေပ်ာက္ကြယ္သြားၿပီပဲျဖစ္ပါတယ္။ ဒါေပမယ့္ ေက်ာက္ရည္ပူေတြနဲ႔ ေျမလႊာထဲစိမ့္ဝင္ခိုေအာင္းေနတဲ့ေရေတြေၾကာင့္ ေျမေအာက္လွိုင္ဂူေတြထဲမွာေတာ့ သက္ရွိအခ်ိဳ့ ဆက္လက္ရွင္သန္ေကာင္း ရွင္သန္ေနနိုင္ေျခရွိပါတယ္။

ဒါေပမယ့္ ကၽြန္ေတာ္တို့အေနနဲ႔ အဂၤါၿဂိဳဟ္ေပၚကသက္ရွိေတြနဲ႔ပတ္သက္ၿပီး ေမၽွာ္လင့္ခ်က္ အမ်ားႀကီးထားဖို့ေတာ့ မျဖစ္နိုင္ပါဘူး။ အဂၤါၿဂိဳဟ္ဟာ ႏွစ္သန္းေပါင္းရာဂဏန္းေလာက္သာ ပင္လယ္သမုဒၵရာေတြနဲ႔ စိုေျပခဲ့ဖူးတာျဖစ္တာေၾကာင့္ သက္ရွိေတြရွိခဲ့မယ္ဆိုရင္ေတာင္ ေသးငယ္တဲ့ဆင့္ကဲေျပာင္းလဲမွုေလးေတြသာ ျဖစ္ေပၚနိုင္ခဲ့မွာျဖစ္ၿပီး ပုံမွန္သတၱဝါအႀကီးစားေတြဘဝကိုေရာက္ရွိဖို့အတြက္ အခ်ိန္မလုံေလာက္ခဲ့ပါဘူး။ ဒါေၾကာင့္ အဂၤါၿဂိဳဟ္မွာ အဏုဇီဝသက္ရွိတစ္ေကာင္ရွင္သန္ခဲ့ဖူးတဲ့အေထာက္အထားေလးေတြ႕ရရင္ပဲ ဒါဟာ လူသားသမိုင္းမွာ အႀကီးမားဆုံးေသာ ေအာင္ျမင္မွုႀကီးတစ္ခု ျဖစ္လာမွာျဖစ္ၿပီး ဒီ့ထက္ေတာ့ ဘာကိုမွ ပိုမိုေမၽွာ္မွန္းဖို့ သိပ္မျဖစ္နိုင္ပါဘူး။

🔳 ရွာေဖြေရးလုပ္ငန္း –

အခုလို ေျမလႊာေအာက္ထဲမွာ တြင္းေအာင္းသက္ရွိဘဝနဲ႔ ဆက္လက္ရွင္သန္ေနၾကမယ္ဆိုရင္ေတာ့ အင္းဆက္ပိုးမႊားဆန္ဆန္သတၱဝါဘဝေလာက္အထိ ဆင့္ကဲေျပာင္းလဲေနနိုင္ေျခရွိပါတယ္။ အပင္ေတြဆိုရင္ေတာ့ ေရညႇိပင္ဆန္ဆန္အရာေတြေလာက္ပဲ အလြန္ဆုံးရွိနိုင္ပါလိမ့္မယ္။ ဒီလိုမ်ိဳး တြင္းေအာင္းသက္ရွိေတြရွင္သန္ေနခဲ့ရင္ေတာင္ ကၽြန္ေတာ္တို့လူသားေတြအေနနဲ႔ ၎တို့ကို ေထာက္လွမ္းေတြ႕ရွိဖို့ဆိုတာ အေတာ္ေလးခက္ခဲေနဦးမွာပါ။ ေလာေလာဆယ္မွာေတာ့ ယခင္က ေရကန္ေဟာင္းတစ္ခုျဖစ္ခဲ့နိုင္တဲ့ ယဇဲရိုးဥကၠာခ်ိဳင့္တြင္းဆီကို NASAရဲ့ Perseveranceရိုဗာယာဥ္ေစလႊတ္ကာ ေျမသားနမူနာစုေဆာင္းေစလ်က္ သက္ရွိေတြရွင္သန္ခဲ့တဲ့အေထာက္အထားကို ရွာေဖြဖို့ႀကိဳးစားေနၾကပါတယ္။ ဒီ့ေနာက္ ဆယ္စုႏွစ္၁ခုစာေလာက္အၾကာမွာေတာ့ စုေဆာင္းထားတဲ့ေျမသားနမူနာေတြကို ကမၻာ​ေပၚျပန္လည္ယူေဆာင္ကာ ဓာတ္ခြဲစစ္ေဆးမွုေတြ ျပဳလုပ္သြားမွာျဖစ္ပါတယ္။

SOURCE : NEW YORK POST

Unicode

အင်္ဂါဂြိုဟ်ပေါ်က ပုံမှန်မဟုတ်တဲ့လှုပ်ရှားမှုအချို့ကို သိပ္ပံပညာရှင်တွေ ထောက်လှမ်းတွေ့ရှိခဲ့ပါတယ်။

  • ဒီလှုပ်ရှားမှုတွေဟာ ကျောက်ရည်ပူတွေရွေ့လျားမှုရဲ့အကျိုးဆက်ဖြစ်နိုင်တာကြောင့် အင်္ဂါဂြိုဟ်ပေါ် သက်ရှိတွေ ဆက်လက်ရှင်သန်နေနိုင်သေးကြောင်း သဲလွန်စဖြစ်နိုင်ပါတယ်။

ပြီးခဲ့အပတ်က ထုတ်ပြန်ခဲ့တဲ့ သုတေသနတစ်ခုအရ အင်္ဂါဂြိုဟ်ပေါ်မှာ မြေအောက်မီးတောင်လှုပ်ရှားမှုတွေရှိနေကြောင်း အထောက်အထားအချက်အလက်အသစ်အချို့ကို တွေ့ရှိခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုကြပါတယ်။ ကျောက်ရည်ပူတွေ ဒီလိုရွေ့လျားနေခြင်းကြောင့် အင်္ဂါဂြိုဟ်ပေါ်က သက်ဆိုင်ရာဒေသမှာ မြေငလျင်အချို့ လှုပ်ခတ်စေခဲ့တယ်လို့ ဆိုပါတယ်။

ဒီတွေ့ရှိချက်သာ မှန်ကန်ခဲ့မယ်ဆိုရင် “အင်္ဂါဂြိုဟ်ရဲ့ မြေအောက်လှိုင်ဂူတွေထဲမှာ သက်ရှိတွေခိုအောင်းနေနိုင်သေးတယ်” ဆိုတဲ့ သီအိုရီတွေကို ပိုမိုအားဖြည့်ပေးလိုက်တဲ့သဘောဖြစ်သွားမှာဖြစ်ပါတယ်။ မြေအောက်ထဲမှာရှိနေတဲ့ ကျောက်ရည်ပူတွေရဲ့ အပူရှိန်နဲ့ မြေအောက်ထဲကိုစိမ့်ဝင်သွားခဲ့တဲ့ မြေအောက်ရေတွေဟာ အဏုဇီဝသက်ရှိတွေရှင်သန်နိုင်ဖို့အတွက် အထောက်အကူပေးနိုင်မှာဖြစ်ပါတယ်။

Australian National University မွ သိပ္ပံပညာရှင်တွေဟာ NASAရဲ့ InSightအင်္ဂါဂြိုဟ်ဆင်းယာဉ်ကနေ ရရှိတဲ့အချက်အလက်တွေကို ဆွဲထုတ်စိစစ်ရင်းကနေ အင်္ဂါဂြိုဟ်ရဲ့မြေပြင်အောက်မှာ အခုလိုဘူမိလှုပ်ရှားမှုတွေရှိနိုင်ကြောင်း ရှာတွေ့လာခဲ့တာဖြစ်ပါတယ်။ ကားတစ်စီးအရွယ်ရှိတဲ့ အဆိုပါအင်္ဂါဂြိုဟ်ဆင်းယာဉ်ကို ၂၀၁၈ခုနှစ်က အင်္ဂါဂြိုဟ်ပေါ် စေလွှတ်ခဲ့တာဖြစ်ပြီး အင်္ဂါဂြိုဟ်ပေါ်ကမြေငလျင်တွေအကြောင်း စူးစမ်းလေ့လာမှုတွေအပါအဝင် အခြားလုပ်ငန်းတွေကို လုပ်ဆောင်နေခဲ့ပါတယ်။

ယခင်က မထောက်လှမ်းမိခဲ့တဲ့ မြေအောက်ငလျင်၄၇ခုကို ယခုသုတေသနကနေ ဖော်ထုတ်နိုင်ခဲ့ပြီး ဒီငလျင်တွေကို Cerberus Fossae ဒေသမှာ ထောက်လှမ်းတွေ့ရှိခဲ့တာဖြစ်ပါတယ်။ Cerberus Fossae ဒေသဟာ မြေငလျင်လှုပ်ရှားမှုတွေကို အင်္ဂါဂြိုဟ်ပေါ် ပထမဆုံးတွေ့ရှိခဲ့တဲ့ဒေသလည်းဖြစ်ပါတယ်။ အဆိုပါInSightအင်္ဂါဂြိုဟ်ဆင်းယာဉ်ရဲ့အကူအညီနဲ့ အင်္ဂါဂြိုဟ်အတွင်းပိုင်းဖွဲ့စည်းပုံတွေအကြောင်းကိုလည်း ပိုမိုသိရှိလာဖို့လည်း မျှော်လင့်နေကြပါတယ်။

ဆိုခဲ့ပြီးသလိုပဲ ထောက်လှမ်းတွေရှိခဲ့တဲ့ ဒီလိုငလျင်လှုပ်ခတ်မှုတွေဟာ မြေအောက်မီးတောင်လှုပ်ရှားမှုတွေကြောင့်ဖြစ်တယ်လို့ ဒီသုတေသနကိုထုတ်ပြန်ခဲ့တဲ့ သိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။ ယခင်ကတော့ အင်္ဂါဂြိုဟ်ပေါ်ကငလျင်တွေဟာ ကျောက်ချပ်လွှာတွေရဲ့ တွန်းတိုက်မှုအားတွေကြောင့် ဖြစ်ပေါ်လာတယ်လို့ပဲ ယူဆထားခဲ့ကြပြီး၊ ယခုသုတေသနကနေ ထွက်ပေါ်လာတဲ့ယူဆချက်သာ မှန်ကန်ခဲ့မယ်ဆိုရင် အင်္ဂါဂြိုဟ်အပေါ်ယံလွှာအောက်က ကျောက်ရည်ပူတွေဟာ အေးခဲမသွားသေးဘဲ ရှင်သန်ရွေ့လျားမှုတွေရှိနေဆဲသဘောဖြစ်ပါတယ်။

ငလျင်လှုပ်မှု၄၇ခုကို ထပ်မံတွေ့ရှိခဲ့ခြင်းနဲ့အတူ တူညီတဲ့ဧရိယာတစ်ခုတည်းအတွင်းမှာ ထပ်ချည်းတလဲလဲဖြစ်ပေါ်နေတဲ့ငလျင်တွေကိုလေ့လာပြီး အင်္ဂါဂြိုဟ်ဟာ မူလထင်မှတ်ထားတာထက် ငလျင်လှုပ်ရှားမှုတွေ ပိုမိုဖြစ်ပေါ်နေတာသိသာတာကြောင့် ကျောက်ရည်ပူတွေက အေးခဲမသွားသေးဘဲ ငလျင်တွေဖြစ်ပေါ်ဖို့အတွက် ၎တို့ကပါ ဝိုင်းဝန်းလှုံ့ဆော်နေတယ်လို့ ကောက်ချက်ဆွဲလာကြတာဖြစ်ပါတယ်။

အင်္ဂါဂြိုဟ်ရဲ့ သေဆုံးမှု –

ယနေ့ကာလမှာ အင်္ဂါဂြိုဟ်ဟာ အေးစက်ခြောက်သွေ့တဲ့ဂြိုဟ်အသေတစ်လုံးဖြစ်နေပေမယ့်လည်း ဂြိုဟ်မျက်နှာပြင်ပေါ်တွေ့ရှိထားရတဲ့ မြစ်ရေစီးကြောင်းတွေ၊ မြစ်ဝကျွန်းပေါ်ဒေသတွေ၊ ပင်လယ်ကြမ်းပြင်ဒေသတွေကြောင့် အင်္ဂါဂြိုဟ်ဟာ တစ်ချိန်က ကမ်ဘာနည်းတူ ဂြိုဟ်မျက်နှာပြင်ရဲ့ ထက်ဝက်ကျော်လောက်ကို ရေထုကဖုံးလွှမ်းထားခဲ့တယ်ဆိုတာ လုံးဝသေချာတဲ့အချက်တစ်ခုဖြစ်နေပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းသန်း၄ထောင်လောက်က အင်္ဂါဂြိုဟ်ရဲ့အူတိုင်ဟာ အေးခဲသွားတာကြောင့် သံလိုက်စက်ကွင်းထုတ်လွှတ်ပေးနေခြင်း လုံးဝရပ်ဆိုင်းသွားပါတယ်။ အဲဒီလို နေဆီကလျှပ်စစ်ဓာတ်ဆောင်အမှုန်(solar wind)တွေဝင်တိုက်တဲ့ဒဏ်ကနေ ကာကွယ်ပေးမယ့် သံလိုက်စက်ကွင်းမရှိတော့တာကြောင့် လျှပ်စစ်ဓာတ်ဆောင်အမှုန်တွေရဲ့ပြင်းထန်တဲ့အရှိန်နဲ့ ဝင်တိုက်တိုက်ခတ်မှုတွေဟာ အင်္ဂါဂြိုဟ်ရဲ့လေထုကို တဖြည်းဖြည်းစုတ်ပြဲသွားစေပြီး လေဖိအားမရှိတော့ချိန်မှာ ရေတွေဟာလည်း အရည်အခြေအနေနဲ့တည်ရှိဖို့အတွက် လုံလောက်တဲ့ဖိအားပေးခြင်းမခံရတော့တာကြောင့် အငွေ့ပြန်ကုန်ကြပါတယ်။

ဒီလိုအငွေ့ပြန်ကုန်တဲ့ရေငွေ့တွေကို ခရမ်းလွန်ရောင်ခြည်တွေက အောက်ဆီဂျင်နဲ့ ဟိုက်ဒြိုဂျင်တွေအဖြစ် သီးသန့်ဖြစ်သွားအောင် ထပ်မံဖြိုခွဲထုတ်လိုက်တာကြောင့် ရေရဲ့အစအနတောင် မကျန်လောက်တော့မယ့် အနေအထားမျိုးဖြစ်သွားပါတယ်။ ဒီအချိန်မှာတော့ ဒိုင်နမိုသဖွယ်ပြုမူနေတဲ့ ကမ်ဘာ့အတွင်းပိုင်းက သံရည်ပူအူတိုင်ဟာ ဆက်လက်လှုပ်ရှားလည်ပတ်နေသေးတာကြောင့် လေထုနဲ့ ရေထုကိုထိန်းထားနိုင်ပြီး သက်ရှိတွေအတွက် နိဗ္ဗာန်ဘုံတစ်ခုသဖွယ် ဖြစ်တည်လျက်ရှိနေပါတယ်။ ၂၀၂၁ခုနှစ်၊ မတ်လမှာပြုလုပ်ခဲ့တဲ့ နောက်ဆုံးသုတေသနတစ်ခုအရ အင်္ဂါဂြိုဟ်ပေါ်ကရေတွေပျောက်ကွယ်သွားရတာဟာ လုံလောက်တဲ့လေထုဖိအားမရရှိလို့ အငွေ့ပြန်ထွက်သွားတာကြောင့်တင်မကဘဲ မြေလွှာတွေထဲစိမ့်ဝင်ကုန်တာကြောင့်လည်း ဖြစ်နိုင်သေးကြောင်း တွေ့ရှိလာရပါတယ်။

ဒါကြောင့် ယနေ့ထိတိုင်အောင် အင်္ဂါဂြိုဟ်ရဲ့မြေလွှာတွေထဲမှာ ရေတွေအမြောက်အများ ခိုအောင်းနေသေးဖွယ်ရှိပါတယ်။ ကွန်ပြူတာပုံစံတွေအရတော့ အင်္ဂါဂြိုဟ်ရေထုရဲ့ ၃၀ရာခိုင်နှုန်းကနေ ၉၉ရာခိုင်နှုန်းလောက်အထိတောင် အင်္ဂါဂြိုဟ်ရဲ့အပေါ်ယံမြေလွှာတွေထဲ စိမ့်ဝင်ခိုအောင်းသွားတာဖြစ်နိုင်တယ်လို့သိရပြီး ဒီထဲက ပမာဏအနည်းငယ်လောက်သာ အငွေ့ပြန်ထွက်သွားတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီပုံစံအသစ်သာမှန်ကန်ခဲ့ပြီး အင်္ဂါဂြိုဟ်ပေါ်ကရေတွေသာ မြေပြင်ထဲကိုစိမ့်ဝင်သွားခဲ့ကြရိုးမှန်ရင် အင်္ဂါဂြိုဟ်ရဲ့ငယ်ရွယ်စဉ်ကာလတွေမှာ မူလမှန်းဆထားခဲ့တာထက် အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ် ရေတွေပိုမိုဖုံးလွှမ်းထားခဲ့နိုင်ပါတယ်။ ဒါကြောင့် အင်္ဂါဂြိုဟ်ရဲ့အစောပိုင်းကာလတွေဟာ အနုဇီဝသက်ရှိတွေအတွက်လည်း ပိုမိုသင့်တော်မယ့်အခြေအနေရှိခဲ့တဲ့သဘောဖြစ်ပါတယ်။

သက်ရှိများ ဆက်လက်ရှင်သန်ဖို့ အခွင့်အလမ်း အနည်းငယ်ရှိသေး –

သက်ရှိတွေရှင်သန်ဖို့အတွက် ပတ်ဝန်းကျင်ကနေ အပူစွမ်းအင်ရရှိဖို့လည်းလိုအပ်ပါတယ်။ အပေါ်မှာပြောခဲ့တဲ့အကြောင်းအရာတွေကြောင့် လက်ရှိအချိန်မှာတော့ အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်အခြေအနေဟာ အေးခဲခြောက်သွေ့တဲ့ အရိုင်းမြေသာသာဖြစ်နေပြီး သက်ရှိတွေရှင်သန်ဖို့ ဘယ်လိုမှမဖြစ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂါဂြိုဟ်အပေါ်ယံလွှာရဲ့အောက်ဘက်က အတွင်းပိုင်းမြေသားလွှာမှာ ကျောက်ရည်ပူတွေ လှုပ်ရှားလျက်ရှိနေနိုင်ကြောင်း သဲလွန်စအချို့ တွေ့ရှိလာမှုကြောင့် – ဒီကျောက်ရည်ပူတွေကထွက်ရှိတဲ့ အပူစွမ်းအင်ဟာ မြေအောက်မှာနေထိုင်တဲ့သက်ရှိတွေအတွက် အထောက်အကူပေးနိုင်ပါတယ်။

ဒါဟာ အင်္ဂါဂြိုဟ်ပေါ်မှာ ယခင်က သက်ရှိတွေ ရွိကိုရွိခဲ့တယ္လို့ ဆိုလိုတာတော့မဟုတ်ပါဘူး။ အင်္ဂါဂြိုဟ်ဟာ သက်ရှိတွေရှင်သန်ဖို့ လုံလောက်တဲ့အခြေအနေတွေ ရှိခဲ့ဖူးကြောင်း သိရှိထားရုံသာဖြစ်ပြီး အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေ ရှင်သန်ခဲ့ဖူးတဲ့ ဘယ်လိုအထောက်အထားမျိုးကိုမှ လောလောဆယ်မှာ မတွေ့ရသေးပါဘူး။ တကယ္လို့ သက်ရှိတွေရှင်သန်ခဲ့ဖူးရင်တောင် အခုချိန်မှာ အင်္ဂါဂြိုဟ်ပေါ်ကသက်ရှိတွေအားလုံး ပျောက်ကွယ်သွားပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျောက်ရည်ပူတွေနဲ့ မြေလွှာထဲစိမ့်ဝင်ခိုအောင်းနေတဲ့ရေတွေကြောင့် မြေအောက်လှိုင်ဂူတွေထဲမှာတော့ သက်ရှိအချို့ ဆက်လက်ရှင်သန်ကောင်း ရှင်သန်နေနိုင်ခြေရှိပါတယ်။

ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ အင်္ဂါဂြိုဟ်ပေါ်ကသက်ရှိတွေနဲ့ပတ်သက်ပြီး မျှော်လင့်ချက် အများကြီးထားဖို့တော့ မဖြစ်နိုင်ပါဘူး။ အင်္ဂါဂြိုဟ်ဟာ နှစ်သန်းပေါင်းရာဂဏန်းလောက်သာ ပင်လယ်သမုဒ္ဒရာတွေနဲ့ စိုပြေခဲ့ဖူးတာဖြစ်တာကြောင့် သက်ရှိတွေရှိခဲ့မယ်ဆိုရင်တောင် သေးငယ်တဲ့ဆင့်ကဲပြောင်းလဲမှုလေးတွေသာ ဖြစ်ပေါ်နိုင်ခဲ့မှာဖြစ်ပြီး ပုံမှန်သတ္တဝါအကြီးစားတွေဘဝကိုရောက်ရှိဖို့အတွက် အချိန်မလုံလောက်ခဲ့ပါဘူး။ ဒါကြောင့် အင်္ဂါဂြိုဟ်မှာ အဏုဇီဝသက်ရှိတစ်ကောင်ရှင်သန်ခဲ့ဖူးတဲ့အထောက်အထားလေးတွေ့ရရင်ပဲ ဒါဟာ လူသားသမိုင်းမှာ အကြီးမားဆုံးသော အောင်မြင်မှုကြီးတစ်ခု ဖြစ်လာမှာဖြစ်ပြီး ဒီ့ထက်တော့ ဘာကိုမွ ပိုမိုမျှော်မှန်းဖို့ သိပ်မဖြစ်နိုင်ပါဘူး။

ရှာဖွေရေးလုပ်ငန်း –

အခုလို မြေလွှာအောက်ထဲမှာ တွင်းအောင်းသက်ရှိဘဝနဲ့ ဆက်လက်ရှင်သန်နေကြမယ်ဆိုရင်တော့ အင်းဆက်ပိုးမွှားဆန်ဆန်သတ္တဝါဘဝလောက်အထိ ဆင့်ကဲပြောင်းလဲနေနိုင်ခြေရှိပါတယ်။ အပင်တွေဆိုရင်တော့ ရေညှိပင်ဆန်ဆန်အရာတွေလောက်ပဲ အလွန်ဆုံးရှိနိုင်ပါလိမ့်မယ်။ ဒီလိုမျိုး တွင်းအောင်းသက်ရှိတွေရှင်သန်နေခဲ့ရင်တောင် ကျွန်တော်တို့လူသားတွေအနေနဲ့ ၎တို့ကို ထောက်လှမ်းတွေ့ရှိဖို့ဆိုတာ အတော်လေးခက်ခဲနေဦးမှာပါ။ လောလောဆယ်မှာတော့ ယခင်က ရေကန်ဟောင်းတစ်ခုဖြစ်ခဲ့နိုင်တဲ့ ယဇဲရိုးဥက္ကာချိုင့်တွင်းဆီကို NASAရဲ့ Perseveranceရိုဗာယာဉ်စေလွှတ်ကာ မြေသားနမူနာစုဆောင်းစေလျက် သက်ရှိတွေရှင်သန်ခဲ့တဲ့အထောက်အထားကို ရှာဖွေဖို့ကြိုးစားနေကြပါတယ်။ ဒီ့နောက် ဆယ်စုနှစ်၁ခုစာလောက်အကြာမှာတော့ စုဆောင်းထားတဲ့မြေသားနမူနာတွေကို ကမ်ဘာပေါ်ပြန်လည်ယူဆောင်ကာ ဓာတ်ခွဲစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

SOURCE : NEW YORK POST

BY HTT

Published by စာအုပ္စာေပ

Book(KnowledgeScience)

Leave a comment

Design a site like this with WordPress.com
Get started